ဆေးဖက်ဝင်ပယင်းလေးအကြောင်း
****************************
ရတနာချစ်သူများမေးမေးနေတဲ့
ပယင်းကျောက်အကြောင်း
သိကောင်းစရာများကို
ပြောပြဆွေနွေးပေးလိုပါတယ်ခင်ဗျာ
ပယင်းကျောက်ကို
မြန်မာနိုင်ငံအထက်ပိုင်းကချင်ပြည်နယ်
ဟူးကောင်းချိုင့်ဝှမ်းဒေသနဲ့
တနိုင်းဒေသတို့မှ ပေါများစွာထွက်ရှိပြီး
ထိုပယင်းကျောက်များဟာ
Burmese Amber (သို့)
Kachin Amber ရယ်လို့
နာမည်တစ်လုံးနဲ့ကျော်ကြားပါတယ်
နှစ်သန်း(၁၀၀)ဝန်းကျင်သက်တမ်းရှိတဲ့
မြန်မာ့ပယင်းကျောက်တွေဟာ
Albian ခေတ်နှောင်းပိုင်းနဲ့
Cenomanian ခေတ်ဦးပိုင်း
ကာလလောက်ကတည်းက
စတင်ဖြစ်တည်နေခဲ့တဲ့
ကျောက်မျက်တွေဖြစ်ပါတယ်ခင်ဗျာ
မြန်မာ့ပယင်းကျောက်များထဲမှာ
ကမ္ဘာဦးကာလမှအင်းဆက်ပိုးမွှား
မျိုးစိတ်များအပြင်ငှက်၊
အိမ်မြှောင်၊ ဖား၊ မြွေစတဲ့
သတ္တဝါတွေရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းများအမွှေးအမျှင်များ
ကမ္ဘာဦးကာလဒိုင်နိုဆော
မျိုးစိတ်များရဲ့အကြွင်းအကျန်
အထောက်အထားတွေပါ
ပါဝင်နေတာကြောင့်
သိပ္ပံပညာရှင်တွေ စိတ်ဝင်စား၊
မျက်စိကျကြတဲ့ ကမ္ဘာကျော်
ကျောက်မျက်အဖြစ်
မှတ်တမ်းဝင်နေဆဲဖြစ်ပါတယ်
ပယင်းကိုအေဒီ ( ၁ )ရာစုခန့်ကစကာ
စီးပွားဖြစ်ရောင်းဝယ်ဖောက်ကားခဲ့ကြပြီး
ကမ္ဘာဦးခေတ်ကာလကို
ပြန်အစဖော်လေ့လာနိုင်တဲ့
သက်သေအချက်အလက်များစွာကို စုဆောင်းသိမ်းဆည်းထားနိုင်စွမ်းတဲ့
ပယင်းရဲ့ ထူးခြားချက်ကြောင့်
အေဒီ ( ၁၉ ) ရာစုလောက်မှာတော့
သိပ္ပံပညာရပ်ဆိုင်ရာလေ့လာမှုတွေမှာ
တွင်တွင်ကျယ်ကျယ်
အသုံးတော်ခံလာရပါတယ်ခင်ဗျာ
ပယင်းဟာ သစ်ပင်များရဲ့သစ်စေးများ
နှစ်ကာလရှည်ကြာကျောက်ဖြစ်လာရမှ
တစ်ဆင့် ဖြစ်တည်လာတဲ့ ထူးခြားတဲ့
ကျောက်မျက်တစ်မျိုးဖြစ်ပါတယ်
ပယင်းကျောက်တွေဟာ
ယေဘုယျအားဖြင့်အဝါရောင်၊
လိမ္မော်ရောင်နဲ့အညိုရောင်များအဖြစ်
မြင်တွေ့ရလေ့ရှိပါတယ်
အဝါရောင်နုနုဖျော့ဖျော့နဲ့
ငွေရောင်တို့လိုအရောင်တွေအပြင်
အညိုခပ်ရင့်ရင့်ကနေနက်မှောင်နေတဲ့
အရောင်လိုမျိုးတွေအနေနဲ့လည်း
ရံဖန်ရံခါတွေ့ရှိရတတ်ပြီး
ပယင်းရဲ့မာကျောမှုဟာအဆင့် 2.0
ကနေ2.5 အထိသာရှိတာမို့
နူးညံ့ထိခိုက်လွယ်တာကြောင့်
သေချာစွာထိန်းသိမ်းဖို့ လိုအပ်ပါတယ်
ရှေးအခါက တရုတ်နိုင်ငံမှာ ပယင်းကို
အရည်ဖျော်ပြီး ဓာတုပစ္စည်းတချို့နဲ့
ပေါင်းစပ်ကာရေမွှေးထုတ်လုပ်သုံးစွဲမှု
တွင်ကျယ်ခဲ့ပါတာကိုလေ့လာတွေရှိရပြီး
ပယင်းဟာ Sacral Chakra နဲ့
ဆက်နွယ်နေပြီး အမှတ်တရများကို
ထိန်းသိမ်းပေးနိုင်စွမ်းရှိပါတယ်
စိတ်ပိုင်းဆိုင်ရာကို
သွက်လက်ပေါ့ပါးစေကာ
မှန်ကန်သော ဆုံးဖြတ်ချက်များ
ချမှတ်နိုင်ဖို့အတွက်လည်း
အထောက်အကူပြုပေးကြောင်း
လေ့လာမှတ်သားရပါတယ်
မြန်မာ့ပယင်းကျောက်များကို ကချင်ပြည်နယ်မှာသာမက
ရွှေဘိုခရိုင်၊ ပခုက္ကူခရိုင်၊ သရက်ခရိုင်
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်
တို့မှာလည်း တူးဖော်တွေ့ရှိရပါတယ်
ရတနာချစ်သူများခင်ဗျာပယင်းဟာ
သိပ္ပံပညာရပ်များနဲ့
လေ့လာဆန်းစစ်မှုများအပေါ် များစွာ
အကျိုးပြုနိုင်တဲ့ ပယင်းကျောက်များကို
ကမ္ဘာဦးအမွေအနှစ်အဖြစ်
တန်ဖိုးထားထိန်းသိမ်းကြဖို့ လိုအပ်ပါမယ်
ပယင်းရဲ့ဖြစ်တည်မှုများနဲ့
ပယင်းမှအောင်းဝင်နေတဲ့
အင်းဆက်ပိုးများအကြောင်းကို
ဆက်လက်ဆွေးနွေးရမယ်ဆိုရင်ဖြင့်
ပယင်းကိုလွန်ခဲ့တဲ့နှစ်ပေါင်း
( ၉၉ ) သန်းခန့်က ကမ္ဘာမြေပေါ်မှာ ရှင်သန်နေထိုင်ခဲ့ပြီး
ထူးခြားတဲ့ အရောင်အသွေးနဲ့
ပုံပန်းသွင်ပြင်မျိုးရှိတဲ့
အင်းဆက်မျိုးစိတ်သစ်တစ်မျိုးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို မြန်မာနိုင်ငံကပယင်းကျောက်တစ်ခုထဲမှာ
ရှာတွေ့တဲ့အကြောင်း အစ္စရေးနိုင်ငံ
၊HebrewUniversityက
သိပ္ပံပညာရှင်တွေကကြေညာထားပါတယ်
ထိုအင်းဆက်ဟာ ကြမ်းပိုးလိုလို၊
သန်းလိုလို ပုံစံမျိုးဖြစ်ပြီး ကမ္ဘာပေါ်မှာ
တစ်ခါမှမတွေ့ခဲ့ရဖူးတဲ့
မျိုးစိတ်အသစ်ဖြစ်ပါတယ်
ကြီးမားတဲ့မျက်လုံးကြီးတွေက
ဦးခေါင်းတစ်ခုလုံးမှာ
နေရာအပြည့်ယူထားပြီး
မျက်လုံးတွေဟာအရောင်စုံစွာ
တောက်ပနေတယ်လို့ ဆိုပါတယ်
သူ့ကိုယ်ပေါ်က ထူးခြားတဲ့
အရောင်အဆင်းတွေကို အသုံးချပြီး
သားရဲတိရစ္ဆာန်တွေရဲ့ရန်ကနေ
သူ့ကိုယ်သူ ကာကွယ်တဲ့
သဘာဝမျိုးရှိတယ်လို့
တွေ့ရှိရကြောင်းလည်း
သိပ္ပံပညာရှင်တွေက ဆိုပါတယ်
ဒီအင်းဆက်မျိုးစိတ်ဟာ
ဒိုင်နိုဆောခေတ်ကတည်းက
တည်ရှိခဲ့တာလို့ Jerusalem မြို့ Hebrew တက္ကသိုလ် Alexander Silberman ကျောင်းက သုတေသီ
Dolev Fabricant နဲ့ Steinhardt သဘာဝသမိုင်းပြတိုက်
ဒါရိုက်တာ Dr. Tanya (Tatiana) Novoselski က ဆိုပါတယ်
အသစ်တွေ့ရှိထားတဲ့
အင်းဆက်ကျောက်ဖြစ်ရုပ်ကြွင်းဟာ
ကုန်းမြေပေါ်မှာနေထိုင်ကြတဲ့
သက်ရှိတွေရဲ့ သမိုင်းကြောင်းမှာ
အရေးကြီးတဲ့အလှည့်အပြောင်းတစ်ခုဖြစ်ပြီး ဒီနေ့ခေတ်ကမ္ဘာကြီးကို
နားလည်ဖို့ များစွာအထောက်အကူ
ဖြစ်စေတယ် လို့လည်း
Hebrew University မှာ
ဇီဝမျိုးစုံမျိုးကွဲတွေအကြောင်း
လေ့လာသင်ယူနေတဲ့
ကျောင်းသားတစ်ဦးက ဆိုပါတယ်
မြန်မာနိုင်ငံက ပယင်းကျောက်တွေထဲမှာ
လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကတည်းက
ရှင်သန်ခဲ့တဲ့ သက်ရှိ
မျိုးစိတ်ကျောက်ဖြစ်ရုပ်ကြွင်းတွေ
တွေ့ရှိရကြောင်းကို နိုင်ငံတကာ
သိပ္ပံပညာရှင်တွေ မကြာခဏ ထုတ်ဖော်ကြေညာလေ့ရှိပါတယ်
ကမ္ဘာဦးခေတ်ကဇီဝမျိုးစုံမျိုးကွဲတွေရဲ့
ရှင်သန်မှုနဲ့ မျိုးသုန်းပျောက်ကွယ်
သွားရပုံတွေအကြောင်းကို
သုတေသီတွေ လေ့လာသိရှိခြင်းကနေ
တစ်ဆင့် သက်ရှိမျိုးစိတ်တွေရဲ့
ဆင့်ကဲပြောင်းလဲမှုများ
ကမ္ဘာကြီးပူနွေးလာမှုနဲ့
တခြားသောရာသီဥတုပြောင်းလဲမှုတွေရဲ့
အနာဂတ်သက်ရှိမျိုးစိတ်တွေအပေါ်
အကျိုးသက်ရောက်မှုတွေကို
ပိုမိုကောင်းမွန်စွာ ကြိုတင်ခန့်မှန်းနိုင်ပြီး
ကောင်းမွန်တဲ့အနာဂတ်ဘဝ
ရှင်သန်မှုတွေကို ဖန်တီးနိုင်ဖို့အတွက်
အကူအညီများစွာဖြစ်ပေါ်စေပါတယ်
မြန်မာနိုင်ငံက ထွက်ရှိတဲ့
ပယင်းကျောက်တွေထဲမှာ
နှစ်သန်းပေါင်း ( ၁၁၀ ) ခန့်က
ရှင်သန်ခဲ့ဖူးတဲ့ကင်းလိပ်လျော
မျိုးစိတ်သစ်တစ်မျိုးရဲ့
ကျောက်ဖြစ်ရုပ်ကြွင်းနဲ့
ဒိုင်နိုဆောအမြီးကျောက်ဖြစ်ရုပ်ကြွင်းတွေ
တွေ့ရှိတဲ့အကြောင်းတွေကိုလည်း
သတင်းတွေလဲမကြာခဏ
ထွက်ပေါ်လေ့ရှိတာကိုတွေ့ရှိ့ရပါတယ်
ဒေါက်တာလှဝင်းအောင်(ခ)ဘစိုးဥ
#Credit